သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆီကုန်သည်များအသင်း၊ ဆန်စက်ပိုင်ရှင်များအသင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းတနော် စားသုံးသူရေးရာဦးစီးဌာတို့ ပူးပေါင်း၍ ပန်းတနော်မြို့ မြို့မဈေးရှေ့တွင် ပြည်သူများအား (၆.၉.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၈.၉.၂၀၂၂) ရက်နေ့ နေ့လယ် (၁၃:၀၀) အချိန်တွင် ဓနုဖြူမြို့ လိုတိုင်းရ သောက်ရေသန့်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးမှုလျာထားချက် ပြည့်မီရေး သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို (၆၊၉၊၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) အချိန်ခန့်က ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးဦးအောင်လွင်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းအဖွဲ့သည် (၈.၉.၂၀၂၂) နေ့ နံနက် (၁၀:၀၀)အချိန်မှ (၁၁:၄၅) ချိန်အထိ စက္ကော့ (အ.ထ.က) ကျောင်းတွင် စားသုံးသူကာကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ညောင်တုန်းမြို့နယ်မြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား အခြေခံစားသောက်ကုန် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဆီကုန်သည်များအသင်း(ယာယီ)၊ မြန်မာနိုင်ငံဆန်စက်ပိုင်ရှင်များ အသင်းခွဲတို့ပူးပေါင်း၍ (၅.၉.၂၀၂၂) ရက်နေ့ နံနက်(၀၉ :၀၀) အချိန်တွင် အမှတ်(၁၀)ရပ်ကွက် ဓမ္မာရုံရှေ့၌ စားသုံးသူပြည်သူများအား ဆန