သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Mar 2024

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၃.၃.၂၀၂၄) နေ့နံနက် (၁၀:၃၀)အချိန်တွင် မအူပင်ရေလဲလမ်းမရှိ တက်နေဝင်း ပဲမျိုးစုံရောင်းဝယ်ရေး လက္ကားပွဲရုံသို့ သွားရောက်၍ မတ်ပဲဈေးနှုန်း မတ်ပဲထွက်ရှိမှု တင်ပို့မှုနှင့် ဈေးကွက် အခြေအနေများ၊ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

21 Mar 2024

    (၁၃.၃.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပန်းတနော်အရှေ့ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင် (၁၃)ဦးနှင့် တွေ့ဆုံကာ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြသည်။

21 Mar 2024

    (၁၃.၃.၂၀၂၄)ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး)က ချောင်းစောက်ကျေးရွာ ဓမ္မာရုံတွင် ကုန်မျိုးစုံလုပ်ငန်းရှင်(၁၀)ဦး နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြသည်။

21 Mar 2024

    ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် (၁၃-၃-၂၀၂၄)ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်၌ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အဖွဲ့ဝင်များနှင့်အတူ ဓနုဖြူမြို့နယ် ၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်ဥပဒေရုံးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်များပူးပေါင်း၍ ဓနုဖြူ မြို့နယ်အတွင်းရှိ ဆေး

21 Mar 2024

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးအောက်ရှိ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင်မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် (၁၃.၃.၂၀၂၄) ရက်နေ့ ၊နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဆားမလောက်ကျေးရွာရှိ ငရုတ်စိုက်ပျိုးသူနှင့်တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံ စိတ်ချရမှု ရှိစေရေးMSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

Pages