သတင်းနှင့် လှုပ်ရှားမှုများ
ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၆-၉-၂၀၂၂) ရက်နေ့တွင် ပျဥ်းမနားမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်၊ ဦးစီးမှူးက စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံ
စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ကြား အငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃၀)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်သည့် စားသုံးသူရေးရာဦးစီးဌာနနှင့် အဖွဲ့ဝင်ဌာန(၆)ခုပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ကွင်းဆင်းစိစစ်ရေးအဖွဲ့အား ၂၀၂၂ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါစိစစ်ရေးအဖွဲ့သည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့တွင် လားရှိုးမြို့အတွင်းရှိ တက္ကသိုလ်ကျောင်းများဖြစ်ကြ
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး ဦးဝင်နိုင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် သံတွဲခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့်ပူးပေါင်းပြီး (၅-၉-၂၀၂၂)ရက်နေ့ နေ့(၂:၀၀)နာရီအချိန်တွင် သံတွဲမြို့ ငကျော်တောင် အ.ထ.က(ခွဲ)ကျောင်း တွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။
ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၆.၉.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့ပေါ်ရှိမော်တော်ကားဝါယာရိန်း၊ဒိုင်နမို၊မော်တာပြုပြင်ရေးစီးပွားရေးလုပ်ငန်းရှင်များနှင့် မိုးညှင်းခရိုင်ဦးစီးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။