
ရန်ကုန်တိုင်း ၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၇-၇-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သင်္ဃန်း ကျွန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တိုင်းရင်းဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမပေါ်ရှိ ဆေးဆိုင် (၅)ဆိုင်ရှိ အင်္ဂလိပ်ဆေးအပါအဝင် တိုင်းရင်းဆေးအမျိုးမျိုးဖြစ်သော ဝါယောအဓိက၊ မှန်ချို၊ ဧကမ္ဘာ၊ ဉီးအံ့၊ ရှမ်းပျိုမယ် သွေးဆေး၊ ဂြိုလ်ထု ဝမ်းနှုတ်ဆေး၊ ရွှေ(ခရမ်းဦးချစ်)နှလုံးအားဆေး၊ မဟာဖြေဆေး၊ ဆန္ဒမွန်၊ (ထက်လင်း)ရင်လူးဆေး၊ မိဂသီ / ထွန်းရွှေဝါဒါဏ်ကြေလိမ်းဆေး အစ ရှိသော ဆေးများတွင် ကုန်အညွှန်းအမှတ်အသားပြဌာန်းခြင်းဆိုင်ရာ ဖော်ပြရမည့်အချက်များ ပြည့်စုံ စွာပါရှိသည်ကို တွေ့ရှိရပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော တိုင်းရင်းဆေးဝါးများ ကိုသာ ရောင်းချပေးရန်နှင့် စပ်ဆေးများရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သတင်း ရရှိရပါသည်။
DOCA(ရန်ကုန်)