ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ (Cleanest)သောက်ရေသန့်အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ရန်ကုန်တိုင်း ၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး) နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာ ယာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၄၉) ၊ နှင်းဆီကုန်းလမ်း ၊ (က)ရပ်ကွက် ၊ သင်္ဃန်းကျွန်း မြို့နယ် ၊ (Cleanest) သောက်ရေသန့်လုပ်ငန်းမှ တာဝန်ခံနှင့်တွေ့ဆုံ၍ ၁၄.၇.၂၀၂၅ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ဆောင်ရွက်ရာတွင် (Cleanest)သောက်ရေသန့်မှာ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး ၊ ဆိုင်မှ ဝန်ထမ်းများကို စားသုံးသူများအား သတင်းအချက်အလက်များအပြည့်အဝပေးခြင်း ၊ စီးပွားရေးလုပ်ငန်းရှင်များ၏   တာဝန်များအား သိရှိလိုက်နာစေရန် အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(ရန်ကုန်)