သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 Sep 2022

     တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး(၂/၂၀၂၂)ကို (၅.၉.၂၀၂၂) မွန်းလွဲ (၁၃း၀၀)အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အောက်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

12 Sep 2022

    (၅-၉-၂၀၂၂)နေ့ နံနက် (၁၀:၀၀)နာရီခန့်အချိန်တွင် တောင်ကုတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနသို့ တောင်ကုတ်မြို့နယ်ရှိ ဒေသတွင်း မုန့်ဖုတ်လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးမှ ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များအား တောင်ကုတ်ခရိုင်ဦးစီးမှူးနှင့်လာရောက်တွေ့ဆုံဆွေးနွေးမေးမြန်းခဲ့ပါသည်။

12 Sep 2022

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ လ (၅)ရက်နေ့၊ နံနက်(၁၃:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ချိကယ်ရပ်ကွက်ရှိ ရွှေသဇင်မိုးဆီဆိုင်နှင့် နာနတ်တောရပ်ကွက်ရှိ ဇေညီနောင်ဆီဆိုင်တို့၌ ဈေးကွက်အတွင်း ဆီပြတ်လပ်မှုမရှိစေရေး ၊ ဆီလက်ကျန်စာရင်းများ မှန်ကန်စေရေး၊ ဈေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိတို့ကို  မိတ်ဖက်ဌာနများဖြစ်သော ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်တွင်းအခွန်ဦးစီးဌာန၊

12 Sep 2022

   စားသုံးသူရေးရာဦးစီးဌာန၊ကယားပြည်နယ်ဦးစီးမှူးရုံးမှ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၂) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဝန်ထမ်း(၅)ဦးသည် လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၁၁၀)ဦးကို စားသုံးသူ ကာကွယ်ရေးအကြောင်း  အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

12 Sep 2022

      စစ်ကိုင်းတိုင်းဒေသကြီး၊  စားသုံးသူရေးရာကော်မတီ (၅/၂၀၂၂)   အကြိမ်မြောက် အစည်းအဝေးကို (၃၁.၈.၂၀၂၂) နေ့ ညနေ (၃း၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတိုင်းအစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွားရေးရာဝန်ကြီး စားသုံးသူရေးရာကော်မတီ က္ကဌ ဒေါ်ရီရီသန်းက အဖွင့်အမှာစကားပြောကြားပြီး  ကော်မတီအဖွဲ့ဝင်များ၊ဌာနဝန်ထမ်းများ စုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Pages