သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 Sep 2022

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူ နစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင် ယူဆရသောကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း  စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။

12 Sep 2022

   စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိရာ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၆  ရက်နေ့ (၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံး ၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပျော်ဘွယ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ပ

12 Sep 2022

      စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများ စျေးကွက်တွင်းရောင်းချနေ သော ဓါတ်ဆီ၊ဒီဇယ်များ စျေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ် လီတာ၊ဂါလံများ ပြည့်မီမှုရှိ/မရှိကို ဝမ်းတွင်းမြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချနေသော  Petro Star ၊ ဝင်းထက်၊ ပိုးဥပိုးရွှင်၊ နေလ၊ Denko၊နေလရွှေကျော်နှင့် ရွှေပွင့်လွှာ စက်သုံးဆီဆိုင်များအား ၂၀၂၂ ခုနှစ်၊ သြဂုတ်လ

12 Sep 2022

       စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများဝယ်ယူ သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့ အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။ထိုသို့ ဆောင်ရွက်ရာတွင် ဒေသအလိုက် စျေးကားဖြင့် လှည့်လည်ရောင်းချမည့်အစီအစဉ်ကိုလည်း ထည့်သွင်းဆောင်ရွက်လျက်ရှိရာ (၂၃-၈-၂၀၂၂) ရက်နေ့မှစ၍ နေ့စဉ် (၂၈-၈-၂၀

12 Sep 2022

       စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁-၉-၂၀၂၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ကျောင်းကျန်းမာရေး ကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

Pages