သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
07 Sep 2022

        မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏လမ်းညွှန်ချက်ဖြင့် နေပြည်တော် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အသင်းသားများနှင့် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးရုံးများ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာများသို့ ဈေးကားများနှင့် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချမှုများကို နေ့စဉ်ဆောင်ရွက်လျက်ရှိပါတယ်။

07 Sep 2022

      (၂၈-၈-၂၀၂၂) ရက်နေ့မှာတော့ ဆီလုပ်ငန်းရှင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခင်မောင်ဆွေ (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဒေါ်စောမာလာနွယ်(ဦးစီးအရာရှိ)တို့ပူးပေါင်း၍ နေပြည်တော်အတွင်းရှိ မြို့နယ်များရှိ ကျေးရွာနေ ပြည်သူများသို့ တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် စားသုံးဆီတစ်ပိဿာလျှင် (၅၂၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါတယ်။

07 Sep 2022

       (၂၆-၈-၂၀၂၂) ရက်နေ့မှာတော့ ဆီလုပ်ငန်းရှင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခင်မောင်ဆွေ (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဒေါ်စောမာလာနွယ်(ဦးစီးအရာရှိ)တို့ပူးပေါင်း၍ ဦးစီးဌာနများနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာနေပြည်သူများသို့ တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် စားသုံးဆီတစ်ပိဿာလျှင် (၅၂၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါတယ်။

07 Sep 2022

       ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး)သည် 27.8.2022 ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ဆရာ/မ များနှင့် ကျောင်းသား/သူများအား စားသုံးသူကာကွယ်‌ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

07 Sep 2022

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အတွင်းရှိ စက်သုံးဆီတင်သွင်းဖြန့်ဖြူးနေသော စက်သုံးဆီအရောင်းဆိုင်(၁၆)ဆိုင်မှ စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင်၊ မန်နေဂျာတို့အား (၁၉.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်၊ လမ်းဦးစီး၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန တို့ပါဝင်သောအဖွဲ့ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး ခန်းမ၌ တွေ့ဆုံ၍လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခဲ့ပါသည

Pages