
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၃) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ဒေးဒရဲမြို့ အမှတ်(၁) ရပ်ကွက်၊ဇီဇဝါ လမ်းရှိ “ဒေါ်ရွှေ” မုန့်ဟင်းခါးဖတ် လုပ်ငန်းသို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး နှင့် လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်မှုရှိ/ မရှိ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းပိုင်ရှင် ဒေါ်သန်းညွှန့်နှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းလိုင်စင်နှင့် အထောက်အထားများ ပြည့်စုံမှုရှိစေရေး၊ တစ်နေ့ ထုတ်လုပ်နိုင်မှုအခြေအနေ၊ လုပ်သားဦးရေ၊ ရရှိသည့်အကျိုးအမြတ်၊ ဈေးနှုန်းဈေးကွက်ရရှိမှု အခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်မှု အခြေအနေတို့ကို ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)