စားသုံးသူကာကွယ်ရေး အသိပညာ‌ပေး‌ဟောပြောခြင်း

Powered by Drupal

      စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)နှင့် စားသုံးသူရေးရာဦးစီး ဌာနမှ ဝန်ထမ်းများသည် ၄-၉-၂၀၂၆ရက်နေ့ တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်ရှိ အမှတ်(၂)၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ဆရာ/မ၊ ကျောင်းသား(၁၆၇)ဦးအား  စားသုံးသူကာကွယ်ရေးအသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဟောပြောရာတွင် ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ်‌‌ရေး ဥပဒေ စတင်ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံးသူ၏အခွင့်အရေးများနှင့် တာဝန်များ အကြောင်း၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍အာမခံချက်ပေးခြင်းအပေါ် စားသုံးသူက တောင်းဆို နိုင်သည့် အခွင့်အရေးများအကြောင်း၊ အချိုရည်အလွန်အကျွံ သောက်သုံးမှုကြောင့် ဖြစ်ပေါ်လာနိုင် သည့် အန္တရာယ်များအကြောင်း၊ အစားအသောက်တွင် သုံးစွဲခွင့်မရှိသော ဆိုးဆေးများအကြောင်း၊ အသင့်စားခေါက်ဆွဲခြောက်များ အလွန်အကျွံစားသုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ် များအကြောင်း၊ အစားအစာများဝယ်ယူအသုံးပြုရာတွင် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန် ဆုံးသည့်ရက်စွဲများအား သတိပြုဝယ်ယူရန်နှင့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက် အလက်များအကြောင်း၊ကုန်စည်/ဝန်ဆောင်မှုများကို ဝယ်ယူရာ၌နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ တိုင်ကြားရန်CICC ရုံးခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် ဖြေရှင်းဆောင်ရွက် ပေးနေမှု အခြေအနေများ၊ Call Center 1535 သို့ တိုက်ရိုက်ခေါ်ဆိုမေးမြန်းတိုင်ကြားနိုင်ကြောင်း တို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)