“ ဆိတ်ကြီးခနောင်တိုမြို့နယ်စည်ပင်သာယာမြို့မဈေးတွင်ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိတ်ကြီးခနောင်တိုမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များ၊ ကုန်စိမ်းဆိုင်များနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား အစားအသောက်နှင့် ဆေးဝါးရေးဦးစီးဌာန(ရန်ကုန်တောင်ပိုင်းခရိုင်)မှ ဦးဆောင်၍ ဇူလိုင်လ (၁၆)ရက်နေ့၊ နေ့လယ်(၁၀:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ် နှင့် တပ်ဖွဲ့ဝင်များ၊ ဆိတ်ကြီးခနောင်တို စည်ပင်သာယာဈေးမှ ဈေးတာဝန်ခံနှင့် မြို့နယ်စားသုံး သူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဈေးအတွင်း/အပြင်၌ ရောင်းချလျက်ရှိသော ပဲပြား၊ ပဲသွေး၊ နန်းကြီး၊ ညှပ်ခေါက်ဆွဲ၊ မုန့်ဖတ်၊ ဆင်ဖြူကျွန်း (ငရုတ်သီးမှုန့်)၊ ဆင်ဖြူကျွန်း (ခွဲကြမ်း)၊ အမှတ်တံဆိပ်သော လက်ဖက်အသား၊ KKK ငရုပ်ဆီ၊ ရွှေကြယ်(ပဲငံပြာရည်အပြစ်)၊ ရွှေကြယ် (ပဲငံပြာရည်အကျဲ) စသည်တို့ကို ခွင့်မပြုဆိုးဆေးများ ပါဝင်မှုရှိ/မရှိ ဓာတ်ခွဲစမ်းသပ်ရန် နမူနာ ယူဆောင်ပြီး ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆေး ဝါးများ သက်တမ်းကျော်လွန်ခြင်းရှိ/မရှိ၊ စပ်ဆေးများ ရောင်းချမှုရှိ/မရှိ၊ ဆေးဆိုင်လိုင်စင်များ ရှိ/မရှိနှင့် FDA ထောက်ခံချက်ပါဝင်မှုရှိ/မရှိတို့အား ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)