
( ၂.၉.၂၀၂၆ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) အချိန်မှ ( ၁၁:၃၀ ) နာရီအချိန်ထိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သည့် စားသုံးသူရေးရာ ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနှင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တို့သည် ပုဂ္ဂလိကဆေးဆိုင် ( ၈ ) ဆိုင်အား ရှောင်တခင်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။
ရှောင်တခင်စစ်ဆေးခဲ့သည့် ကလေးမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား စစ်ဆေးခဲ့ရာ ၎င်းတို့၏ ဆိုင်များတွင် Expire ဆေးများရောင်းချခြင်း၊ Date များပြင်ဆင်ရောင်းချခြင်း၊ တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ၊ ဆေးဝါးများ ပြတ်လပ်မှုနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ရှိ/မရှိကို စစ်ဆေးခဲ့ကြပါသည်။
ကလေးခရိုင်ဦးစီးမှူးနှင့် ခုတင် ( ၃၀၀ ) ဆံ့ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးတို့သည် ဆေးပစ္စည်းအရောင်းဆိုင်များအား ဆေးပစ္စည်းထားသိုသိမ်းဆည်းနည်းစနစ်များ စစ်ဆေးခဲ့ပြီး တရားမဝင်ဆေးဝါးများ ရောင်းချခြင်း မပြုရန်၊ ဆေးဝါးနှင့် ဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာဖော်ပြထားရှိသည်များကိုသာ ရွေးချယ်ရောင်းချရန်နှင့် သက်တမ်းလွန် ဆေးဝါးများကိုလည်း စနစ်တကျ ထိန်းသိမ်းစွန့်ပစ်ရန် ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိရန်အတွက် လုပ်ငန်းရှင်များအား ပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
