ရွှေတောင်မြို့နယ်တွင် အစားအသောက်ဝန်ဆောင်မှုအား .ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

 ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးကွက်စောင့် ကြည့် စစ်ဆေးရေးအဖွဲ့ဝင်းများနှင့် ပူးပေါင်း၍ (၂၂.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းရှိ ဒေါ်စုနန္ဒာထွေး ပိုင်ဆိုင်သော “ရွှေနှင်းဆီ”စားသောက်ဆိုင်သို့ သွားရောက်၍ အစားအသောက်များ ရောင်းချရာတွင် ဝန်ဆောင်မှု ကဏ္ဍနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေး ရာတွင် အစားအသောက်များကို ကိုင်တွယ်ချက်ပြုတ်သည့် နေရာတွင် သန့်ရှင်းမှုရှိကြောင်း၊ ချက်ပြုတ်သည့် အသားငါး၊ အသီးအရွက်များ လတ်ဆတ်မှုရှိခြင်း အစားအသောက်များ၏ Menu များတွင် ဈေးနှုန်းများကပ်ထားသည်ကို တွေ့ရှိရကြောင်း စားသုံးသူဘက်မှ ပေးဆောင်ရမည့်ဝန်ဆောင် မှုများကို ကြိုတင်အသိပေးရန်နှင့် စားသုံးသူ၏ အခွင့်အရေးများအကြောင်း စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း ရှင်းလင်းပြောကြား ခြင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
DOCA(ပဲခူး)