သတင်းနှင့် လှုပ်ရှားမှုများ
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဆန္ဒမွန်(ဒု-ဦးစီးမှူး)သည်9.9.2022 ရက်နေ့ နံနက်၁၀:၃၀နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထု အခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြော ပွဲဆောင်ရွက်ခဲ့ပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးမှ ဦးကိုကိုစိုး(ဦးစီးမှူး)သည်၉.၉.၂၀၂၂ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်၊ Sky Moon မုန့်တိုက်ရှိလုပ်သား(၈)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၇.၉.၂၀၂၂ ရက်နေ့တွင် ဗန်းမော်မြို့ရှိ အားလူးကြော်နှင့်အကြော်မျိုးစုံလုပ်ငန်းရှင်နှင့် ဗန်းမော်ခရိုင် ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၈.၉.၂၀၂၂ ရက်နေ့ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ဗန်းမော်မြို့နယ်အကောက်ခွန်ဦးစီးဌာန၌ ဆန်၊ပဲ၊ ပြောင်း၊နှမ်း စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံ ဆွေးဆွေးခဲ့ပါသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့၏ ကြီးကြပ်မှုဖြင့် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ အများပြည်သူသို့ ဆန်နှင့် စားဆီများ၊ စားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချခြင်းကို ၉.၉.၂၀၂၂ ရက်နေ့နှင့် ၁၀.၉.၂၀၂၂ ရက်နေ့တို့တွင် ရောင်းချပေးသွားမည်ဟုသိရှိရပြီး ယနေ့ ၉.၉.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ သူနာပြုသင်တန်းကျောင်းဝင်းရှေ့၌ ရောင်းချခဲ့