
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ဝင် များနှင့်ပူးပေါင်း၍ (၂၁.၇.၂၀၂၅)ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ကုန်မျိုးစုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ ရောင်းချသော စားသုံးဆီဗူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/မရှိ ထားသိုမှုပုံစံများ စနစ်တကျရှိရေးတို့ကိုစစ်ဆေးရာ ပြည်စုံမှန်ကန်မှုရှိပြီး စားသုံးသူများအား စိတ်ကျေနပ်မှု ရှိစေရန်စသည်ဖြင့် ရောင်းချ သောလုပ်ငန်းရှင်များကို လုပ်ငန်းရှင်တာဝန်များ အကြောင်း ရှင်းလင်းပြောကြားခြင်းဖြင့် ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။
DOCA(ပဲခူး)