
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၄.၇.၂၀၂၅) ရက် နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့ ပေါ်ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်လမ်းရှိ ဆန်ဆိုင်များအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ် ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ်မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ် ဆေးခြင်းကို ဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်MRFမှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသည့် ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းထက်ကျော်လွန်ရောင်းချမှုမရှိကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ဆန်အမျိုး အစားအလိုက် ဆန်ဈေးနှုန်းများမှာ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချလျက်ရှိပြီး ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း၊ မသမာသောနည်းလမ်းဖြင့် ဆန်ကြမ်းများ၊ ဆန်ကွဲများ ရောနှော ရောင်းချ ခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပြီး၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်(၇)ဆိုင်အား ကွင်း ဆင်းစစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)