စားအုန်းဆီ လက်လီ/လက္ကားအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ အဖွဲ့နှင့်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်(၁၄.၇.၂၀၂၅)ရက် နေ့ ၊နံနက် (၁၀:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကြံခင်းမြို့၊ ရွာသစ်ရပ် ကွက်၊ မြို့မဈေးအတွင်းရှိ စားအုန်းဆီလက်လီ/လက္ကားအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ / မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဆီထုတ်လက္ကား ကိုယ်စားလှယ်များမှ ခွဲတမ်းရရှိသော ဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို ့ဖြန့်ဖြူး ရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချရာတွင်လည်း  အဆင့်အလိုက် (၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိ ခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်း ချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး၊စားအုန်းဆီအရောင်းဆိုင်(၈)ဆိုင် အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)