သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
16 Nov 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်သည့်အဖွဲ့သည် ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုး ထုတ်လုပ်လာစေရေးနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးရည်ရွယ်၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာ(၂)ရက်နေ့တွင် ပခုက္ကူမြို့ စက်မှုဇုန်ရှိ ဆီစက်များနှင့် မြို့ပေါ်ရှိ မြေပဲဆုံဆီများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

15 Nov 2021

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသအလိုက် စီးပွားရေးဖွံ့ဖြိုးမှုနှင့်အညီ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအမျိုးမျိုးနှင့် ချိတ်ဆက်နိုင်မည့် ပညာပေး အစီအစဉ်များ ဖော်ဆောင်ရန်၊ အလုပ်လက်မဲ့နှင့် ကျပန်းလုပ်သားများအနေဖြင့် အလုပ်အကိုင် အတည်တကျရရှိခြင်းဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီဥက္ကဌ တိုင်းဒေသကြီး သယံဇာတဝန်ကြီး ဦးတင်သန်းဝင်း ဦးစီးပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ၈ ရက်နေ့က ကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လုပ်ငန်းခွင်

12 Nov 2021

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မိုးစပါးများ စတင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် မိုးစပါးစိုက်ဧက (၃၈၂၆၀၉) စိုက်ပျိုးနိုင်ခဲ့ပြီး ရွှေတောင်မြို့တွင် (၅၈၁၆၂) ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။

12 Nov 2021

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းမြို့နယ်တွင် ပဲတီစိမ်းများစတင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် ပဲတီစိမ်းစိုက်ဧကမှာ (၅၉၉၅) စိုက်ပျိုးနိုင်ခဲ့ပြီး ပန်းတောင်းမြို့အနေဖြင့် (၁၈၀၂) ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပန်းတောင်း မြို့နယ် တာဝန်ခံ နှင့် အဖွဲ့သည် (၉ .

12 Nov 2021

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်သည် ဘင်္ဂလားပင်လယ်အော်ထဲရှိ ရမ်းဗြဲကျွန်းပေါ် တွင်တည်ရှိပြီး ရာသီဥတုမျှတပြီး ရေထွက်ပစ္စည်းပေါများသော်လည်း ဟင်းသီးဟင်းရွက် ရှားပါးသော မြို့နယ်ဖြစ်ပါသည်။ ယခုအခါ တောင်သူများသည် ဒေသတွင်းလိုအပ်သော ဟင်းသီးဟင်းရွက်များကို မြို့နယ်အတွင်းဒေသများဖြစ်သော စေတီယျ၊အုန်းတော၊ ဂုံးချိန်၊ ရေနံတောင်၊ မင်းပြင်၊ ဇင်ချောင်းနှင့် စနဲကျေးရွာအုပ်စုများတွင် စိုက်ပျိုးရေးဆိုင်များမှ မျိုးစေ့များဝယ်ယူပြီး ရာသီအလိုက် စိုက်ပျိုးလာကြပါသည်။

Pages