သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 Aug 2022

          တောင်ငူခရိုင် ၊  စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာမြို့နယ်များမှ ဆန်ကုန်သည်များပူးပေါင်း၍ အခြေခံလူတန်းစားအား သက်သာသောနှုန်းထားဖြစ်သည့် ဆန်တစ်ပြည်လျှင် ၁၆၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျှက်ရှိပါသည်။

30 Aug 2022

           စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်သို့ လာရောက်လေ့လာသည့် ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို (၁၉.၈.၂၀၂၂)ရက်နေ့ ၊ နံနက် (၁၀: ၀၀)နာရီအချိန်တွင် ဟောပြောခဲ့ပါသည်။

30 Aug 2022

             တောင်ငူမြို့ အမှတ် ၇ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက အမှတ် ၇ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ပါသည်။

30 Aug 2022

             ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၁၉.၈.၂၀၂၂)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင် စားသုံးသူပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များ ရောင်းချ ပေးလျှက်ရှိပါသည်။ ပြည်သူများနေ့စဉ် စားသုံးမှုအဆင်ပြေစေရေးအတွက် ပဲခူးတိုင်း ဒေသကြီး၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် ဆန်စက်လုပ်ငန်းရှင်နှင့် ဆန်ကုန်သည်ကြီးများအသင်းမှ ညှိနှိုင်း၍ စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းပြီး အခြေခံ လူတန်းစားများသို့ ဆန်များရောင်းချပေးလျှက်ရှိပါသည်။

30 Aug 2022

          ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်နီမှာ ဈေးဆက် လက်မြင့်တက်လာခဲ့ပါသည်။ ကြက်သွန်နီများ အဝယ်လိုက်နေသဖြင့် ဈေးနှုန်းမြင့်တက်လာသည်ဟု ပေါင်းတည်မြို့ရှိ ကြက်သွန်နီပွဲရုံမှ သိရှိရပါသည်။ ဩဂုတ်လ ပထမပတ်တွင် ကြက်သွန်နီဈေးနှုန်းမှာ (အကြီး) တစ်ပိဿာလျှင် ၂၂၀၀ကျပ် နှင့် (အသေး) တစ်ပိဿာလျှင် ၁၈၀၀ကျပ်ဖြင့် ရောင်းချခဲ့ပါသည်။ ယခုဩဂုတ်လ တတိယပတ်တွင် ကြက်သွန်နီဥ (အကြီး) တစ်ပိဿာလျှင် ၂၆၀၀ကျပ်နှင့် (အသေး) တစ်ပိဿာလျှင် ၂၁၅၀ကျပ်ဖြင့် ဈေးမြင့်တက်သွားပါသည်။

Pages