
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများသည် ကွမ်းခြံကုန်းမြို့နယ် ဈေးကွက် အတွင်း ရောင်းချနေသော ဆန်ဆိုင်များအား ဇွန်လ (၁၅)ရက်နေ့၊ နံနက် (၀၈:၄၅)နာရီအချိန် တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့ နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း ရောင်းချသော ဒေါ်အေးကြိုင် ဆန်နှင့် ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေး၊ ကိုသန်းအေး+ဒေါ်အေးလှိုင် ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်း ဝယ်ရေး၊ ကိုရန်ကုန်သား ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များနှင့် ကွမ်းခြံကုန်းမြို့ နယ်ဈေးပိုင်းရပ်ကွက်အတွင်း ရောင်းချသော အောင်မင်္ဂလာဆန်ဆိုင်၊ သူရထွန်း ဆန်နှင့်ဆန် ထွက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချသော ငစိန် (ထွန်းပု)ဆန်၊ ဧည့်မထ(ရက်၉၀) ဆန်၊ မီးဒုံ(ခွန်နီ)ဆန်၊ ငကျွဲ(တောင်ပျံ)(ပုသိမ်ညွှန့်) ကြားပျံဆန် ဈေးနှုန်းများအား ကွင်းဆင်းစိ စစ်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက မိမိတို့ဌာန အနေဖြင့် အမျိုးအစားအလိုက် ရောင်းချရမည့် သင့်တင့်မျှတသော ဆန်ဈေးနှုန်း၊ ရည်ညွှန်းဈေး များကိုလည်း လစဉ်ထုတ်ပြန်လျက်ရှိရာ ရောင်းချသူ လုပ်ငန်းရှင်များ အနေဖြင့် သတ်မှတ်ထား သောရည်ညွှန်းဈေးဖြင့်သာ ရောင်းချသွားကြရန်၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်းများ မပြုလုပ်ကြရန် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)