
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်သည် (၉.၇.၂၀၂၅)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးခန်းမတွင် ပဲ/နှမ်း ကုန်သည်များအသင်းအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးခဲ့ရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးဦးအောင်လွင်က ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပြီး မြို့နယ်တွင်း ပဲ၊ နှမ်းထွက်ရှိမှုအခြေအနေများကိုမေးမြန်းခဲ့သည်။ အသင်းအဖွဲ့ဝင်က မြို့နယ်ကအသင်းအနေဖြင့် ဒေသတွင်းထွက်ရှိသော မတ်ပဲများကို အဓိကထားဝယ်ယူပြီး ရန်ကုန်တင်ပို့မှုအခြေအနေများကို ဆွေးနွေးခြင်း၊ ကုန်ပစ္စည်းအရည်အသွေး၊ အလေးချိန်၊ ဈေးနှုန်းမှန်ကန်စေရေး ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ကြောင်း၊ အသင်းအဖွဲ့ဝင်အားလုံးမှာလည်း မိမိတို့မြို့နယ်တွင် လုပ်ငန်းရှင်သန်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များမှလည်း ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဒေသတွင်းဖွံ့ဖြိုးမှုအခြေအနေများကို ပိုမိုတိုးတက်လာနိုင်မှာဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)