သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 Mar 2022

             စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ မတ်လ ၂၄ ရက်နေ့ နေ့လယ် ပိုင်းက တောင်ငူမြို့ပေါ်ရှိ မော်တော်ယာဉ်ပြုပြင်ရေးဆောင်ရွက်သည့်လုပ်ငန်း (Car Workshop & Auto Service Center) များသို့ သွားရောက်၍ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းအတုအပများ အသုံးမပြုစေရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

30 Mar 2022

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း စက်သုံးဆီဈေးနှုန်းများကို ဆက်သွယ်မေးမြန်းခဲ့ရာ ၂၀၂၂ ခုနှစ်၊ မတ်လ၂၃ ရက်နေ့တွင် အောက်တိန်း92 တစ်ဂါလံလျှင် (၉၆၀၀)ကျပ်၊ အောက်တိန်း95 တစ်ဂါလံလျှင် (၁၀၂၀၀)ကျပ်နှင့် ပရီမီယံဒီဇယ် တစ်ဂါလံလျှင် (၁၀၂၂၀)ကျပ်ထိ အသီးသီး ရောင်းချ လျှက်ရှိကြောင်း သိရှိရသည်။

30 Mar 2022

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်း က တောင်ငူမြို့ပေါ်ရှိ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အရောင်းဆိုင်များသို့ သွား ရောက်၍ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အတုအပများ ရောင်းချမှုမရှိစေရေးကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပါသည်။

30 Mar 2022

        စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခဲ့သည့် စစ်ဆေးရေးမှူးများမှ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ စားသုံးသူဘေးအန္တရယ်ကင်းရှင်းရေး စားသုံးသူအခွင့်အရေးများ အပြည့် အဝရရှိစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည်များအား စျေးကွက်အတွင်းမှပပျောက်စေရေးတို့အတွက် လုပ်ငန်းကျွမ်းကျင်မှုရှိသော စစ်ဆေး ရေးမှူးများ မွေးထုတ်ပေးနိုင်စေရ

30 Mar 2022

           စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ သဲကုန်းမြို့နယ်တွင် မတ်လ ၉ ရက်နေ့၊ ပေါက်ခေါင်းမြို့နယ်တွင် မတ်လ ၁၀ ရက်နေ့၊ ရွှေတောင်မြို့နယ်တွင် မတ်လ ၂၁ ရက်နေ့၊ ပေါင်းတည်မြို့နယ်တွင် မတ်လ ၂၄ ရက်နေ့၊ ပြည်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့တွင် မတ်လ ၂၅ ရက်နေ့တို့၌ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများဦးဆောင်သော မြို့နယ်ဈေးကွက် စောင့်ကြည့်စစ်ဆေးရေးအဖွဲ့များမှ ဈေးကွက်များအတွင်းရှိ ကိုဗစ် ၁၉ ကူးစက်ရောဂါကာကွယ် ကုသဆေးဝါးများ ဈေးနှုန်းမြင့်တက်မှုမရှိစေရေး၊ အရည်အ

Pages