
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ၂၀၂၅ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင် မြိတ်မြို့၊ ကန်ဖျားရပ်ရှိ DD သောက်ရေသန့်စက်ရုံသို့ စျေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပါရှိစေရေးနှင့် သန့်ရှင်းသန့်ရပ်စွာဆောင်ရွက်ထားခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။
DD သောက်ရေသန့်စက်ရုံသို့ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပေးထားသော ထောက်ခံချက်ရှိ/မရှိနှင့် စည်ပင်လိုင်စင် ဆောင်ရွက်ထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိအားကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
DOCA(တနင်္သာရီ)