
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များသို့ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှုးနှင့် ဝန်ထမ်းများ၊ စားအုန်းဆီဖြန့်ဖြူးရောင်းချရေး ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဖျာပုံမြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းဆောင်ရွက် ခဲ့ပါသည်။
အဆိုပါကွင်းဆင်းစိစစ်ရာတွင် စားအုန်းဆီဈေးနှုန်းများ ကြီးမြှင့်စွာရောင်းချမှု မရှိစေရေး၊ ဆိုင်းဘုတ်တင်ရောင်းချစေရေး၊ ဆိုင်ဘုတ်များကို အများပြည်သူများ ထင်သာမြင်သာအောင် ချိတ် စွဲထားရှိစေရေး၊ အလေးချိန်၊ အချိန်အတွယ်၊ မှန်ကန်မှုရှိစေရေး၊ လုပ်ငန်းရှင်များအား စားအုန်းဆီ ဈေးနှုန်းကြီးမြှင့်စွာ ရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည် ဖြစ် ကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် ရောင်းချနေသောကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်မှသာ ရောင်းချကြစေရန် နှင့် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)
