သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၂၁.၆.၂၀၂၂) ရက်နေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ညောင်တုန်း အ.ထ.က(၁) စာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မိတ်ဖက်ဌာနဖြစ်သော ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးနှင့် သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြို့နယ်တာဝန်ခံဦးလေးလွင်သည် (၂၁.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် တကောကျေးရွာ ဓမ္မာရုံ၌ မုန့်မျိုးစုံရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်မြင့်မြတ် (အကြီးတန်းစာရေး)သည် ၂၂.၆.၂၀၂၂ ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဗန်းမော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်တံခွန်ခန်းမ၌ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် (၂၁.၆.၂၀၂၂) ရက်နေ့ နေ့လယ်(၁၀:၀၀) နာရီအချိန်တွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဗိုလ်ချုပ်ဈေးရှိ မုန့်မျိုး စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန လပွတ္တာခရိုင် ၊လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၂၁.၆.၂၀၂၂) ရက်နေ့ နံနက်(၁၁:၀၀) နာရီတွင် အမှတ်(၆) ရပ်ကွက် ဘုရားလမ်း ရှိ ကုန်မျိုးစုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။