
၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးဝင်းထွန်းဦး(ဦးစီးမှူး)သည် မြင်းခြံမြို့၊ အမှတ်(၂၀)ရပ်ကွက် (ချောင်းဒေါင်း)ရှိ “ကြက်”တံဆိပ်ငရုတ်သီးအရောင်တင်မှုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရန်အတွက် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် “ကြက်”တံဆိပ်ငရုတ်သီးအရောင်တင်မှုန့်လုပ်ငန်းသည် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံ စွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်လျက်ရှိသည်ကို စစ်ဆေး တွေ့ရှိရကြောင်း၊ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှုအဆင့်တိုင်း သန့်ရှင်းမှုကိုအခြေခံ၍ စနစ်တကျထုတ်လုပ်ရန်၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊အမိန့်၊ ညွှန်ကြားချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။
DOCA(မန္တလေး)