သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Jun 2022

        ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည် ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ကျွဲပွဲနှင့် ညောင်ခြေထောက်ဒေသများရှိ Lucky, လှရတနာ(ညောင်ခြေထောက်)၊ Diamond, ဖြိုးဝေကျော်နှင့် လှရတနာ(မြေစီး)များသို့ သွားရောက်၍ ဈေးနှုန်းနှင့်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

22 Jun 2022

      ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် သာဂရမြို့ ဈေးတာဝန်ခံနှင့်အတူ ဇွန်လ ၁၆ ရက် နံနက်ပိုင်းက သာဂရမြို့ စည်ပင်သာယာဈေးအတွင်း စားသုံးဆီများရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်များသို့ သွားရောက်၍ စားသုံးဆီများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ တို့နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စု

22 Jun 2022

      စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်အတွက် ဌာနဆိုင်ရာများအလိုက် သိသင့်သိထိုက်သည်များအား အသိပညာပေးဟောပြောခြင်းကို ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြော

22 Jun 2022

         ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ အရည်အသွေးမြင့်မားပြီး အာမခံချက်ရှိသော ကုန်စည်/ ဝန်ဆောင်မှုများ သုံးစွဲနိုင်ရေးအတွက် စားသုံးသူရေးရာကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရေး ရည်ရွယ်၍ စားသုံးသူအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်လျှက်ရှိရာ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အတွင်း ဇွန်လ (၃)ရက်၊ မွန်လွဲ (၁:၀၀)နာရီ၌ အင်းမော်ငယ်အုပ်စု၊ သစ်စိန်ပင် ကျေးရွာတွင် လည်းကောင်း၊ ဇွန်လ

22 Jun 2022

              ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ အများပြည်သူတို့အနေဖြင့် စားသုံးသူရေးရာကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေး ရည်ရွယ်၍ စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြောပွဲများအား ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သပြေတောင်အုပ်စု၊ သပြေတောင်ကျေးရွာတွင် ဇွန်လ (၆) ရက်နေ့ မွန်းလွဲပိုင်းတွင်လည်းကောင်း၊ ရွာရှည်အုပ်စု၊ ရွာရှည်ကျေးရွာတွင် ဇွန်လ (၈) ရက်နေ့ နံနက်ပိုင်းတွင် လည်းကောင်း၊

Pages