သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ (၁၅.၆.၂၀၂၂)နေ့တွင် ဓနုဖြူမြို့နယ် ရေတွင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကုန်မျိုးစုံဆိုင်ရောင်းချသူ လုပ်ငန်းရှင်(၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောမှု ပြုလုပ်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၅.၆.၂၀၂၂)နေ့တွင် မအူပင်မြို့နယ် ရေလဲကလေးကျေးရွာတွင်ရှိသော ဆီစက်လုပ်ငန်းရှင် ရွှေကုလားကျွန်းဆီစက်ပိုင်ရှင် ဦးကြည်ဝင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားနှင့် SME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးများအကြောင်း ကွင်းဆင်းစစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
နေပြည်တော်၊ (၂၂-၆-၂၀၂၂)
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင်(၁၁.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အခွန့်ဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် တယ်လီဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များတွင် တရားမဝင်တင်သွင်းလာသောကုန်စည်များ ရောင်းချနေမှုရှိ/မရှိရှောင်တခ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်မှ ဒုဦးစီးမှူး ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ (၁၅.၆.၂၀၂၂)နေ့တွင် ကျင်းပပြုလုပ်သော စိုက်ပျိုးရေးသီးနှံ တိုးတက်ထုတ်လုပ်မြင့်မားရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။