သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် တာဝန်ခံနှင့် ကျိုက်မရောမြို့နယ်ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံတို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင် အမက(မူလွန်)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၁၆.၆.၂၀၂၂ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၃.၆.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့ပေါ်ရှိကုန်စုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ /မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇွန်လ(၁၅)ရက် နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ရှမ်းပိုင်းရပ်ကွက်နှင့် ဈေးပိုင်းရပ်ကွက်ရှိ ကုန်စုံဆိုင် များသို့ ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ် ကော်ဖီ( 3 in 1 )၊ သွားတိုက်ဆေးနှင့် ဖြည့်စွက် အစားအစာများကို သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘဲ တင်သွင်းဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းရှိ/မရှိကို ပြည်နယ် အစားအသောက်နှင့်ဆေး
ရခိုင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဖြူခရိုင်ရှိ ဝန်ထမ်းများသည် ကျောက်ဖြူခရိုင်ဦးစီးမှူး၏ ညွှန်ကြားချက်အရ (၁၃-၆-၂၀၂၂)ရက်နေ့ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် ကျောက်ဖြူမြို့နယ် မြို့မဈေးအတွင်းအတွင်းရောင်းချနေသော စားသုံးဆီများတွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ် အသားများသည် စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် ၁/၂၀၂၁ ပါညွှန်ကြားချက်အား လိုက်နာဆောင်ရွက်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။