သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 Apr 2022

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင်မြို့ မြို့ရှောင်လမ်းနှင့် သိုက်ကုန်းလမ်းရှိ ထွန်းသူဇာ မတ်ပဲရောင်းဝယ်ရေးလုပ်ငန်းသို့ (၁၈.၄.၂၀၂၂) နေ့ နံနက်ပိုင်း(၁၁၀၀)နာရီချိန်တွင် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

25 Apr 2022

               ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၇.၄.၂၀၂၂) နေ့ နံနက်ပိုင်းတွင် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မအူပင်မြို့ပေါ်ရှိ စတိုးဆိုင်များနှင့် ကုန်မျိုးစုံဆိုင်များသို့ ကွင်းဆင်း၍ ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်မှု ဆောင်ရွက်ခဲ့ပါသည်။

25 Apr 2022

          ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ပျဉ်တောင်တွင်းအုပ်စု၊ ကြို့ပင်ဝိုင်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတတ်‌ရေး သင်တန်းအား (၂၀.၄.၂၀၂၂) ရက်နေ့ နံနက် (၉:၀၀) အချိန်တွင် စိုက်ပျိုးရေးဌာန ၊ မွေး/ကုဌာန၊ မြေစာရင်းဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ တက်ရောက်လာသူ တောင်သူ (၃၄) ဦးအား စားသုံးသူရေးရာဦးစီးဌာန ဒု-ဦးစီးမှူး ဒေါ်အေးအေးမွန်မှ စားသုံးသူကာကွယ်ရေးဉပ‌ဒေပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ

25 Apr 2022

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးကော်မတီနှင့် ပူးပေါင်း၍ မြို့နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနက စားသုံးရန်မသင့် ထုတ်ပြန်ထားသော အသားလုံး၊ အသားချောင်းများအား အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

25 Apr 2022

             ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ခရိုင်ဦးစီးမှူး ဦးအောင်သိန်းဦးဆောင်၍ မြို့နယ်တာဝန်ခံ ဉီးချစ်ကိုကို၊ ပြည်တွင်းဌာန တာဝန်ခံ ဒေါ်ခင်ခင်ထိုက်၊ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ ဒေါ်သက်မြတ်နိုးထွန်း တို့သည် (၂၀.၄.၂၀၂၂) ရက်နေ့ နေ့လည် (၁:၀၀) အချိန်တွင် လက်ပံတန်းမြို့၊ မြို့ပေါ်ရှိ ပိုးသတ်ဆေးနှင့် ဓါတ်မြေသြဇာဆေးအရောင်းဆိုင်များသို့ သွားရောက်၍  စားသုံးသူကာကွယ်ရေး ဉပဒေအခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်မျ

Pages