
မြိတ်ခရိုင် ဆီလက်ကားအရောင်းကိုယ်စားလှယ်သည် မြိတ်မြို့အတွက် လိုအပ်သော စားအုန်းဆီများကို ရန်ကုန်မြို့ရှိ Global Good Pure Group ကုမ္ပဏီမှ(၂၀.၆.၂၀၂၅)ရက်နေ့တွင် ခွဲတမ်းရရှိခဲ့သော စားအုန်းဆီပေပါ(၇၆)ပေပါသည် ယာဉ်အမှတ် 3R-4767 ဖြင့် (၂၄.၆. ၂၀၂၅)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ပါသည်။
အဆိုပါစားအုန်းဆီများကို မြိတ်မြို့ရှိ လက်လီအရောင်းဆိုင်များသို့ ၂%ထက်မပိုသော အမြတ်ဖြင့် ခွဲဝေရောင်းချပေးမည်ဖြစ်ပြီး လက်လီဆိုင်များမှတဆင့် စားသုံးသူပြည်သူများသို့ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)