သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနမှ ဌာနအကြီးအမှူးများသည် မန္တလေးမြို့ မြို့တော်ခန်းမတွင် ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကျင်းပခဲ့သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ World Consumer Rights Day အထိမ်းအမှတ် အခမ်းအနားတွင် ဌာနဆိုင်ရာများ၏ ပညာပေးပြခန်းများ အသင်းအဖွဲ့နှင့် ကုမ္ပဏီများ၏ အရောင်းပြခန်းများကို လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ ပုဂံမြို့တွင် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကို တောင့်တင်းခိုင်မာစေရန်ရည်ရွယ်ပြီး စားသုံးသူဆိုင်ရာ ဝန်ဆောင်မှုတိုင်ကြားချက်များကို စိစစ်ကိုင်တွယ် ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စားသုံးသူ ရေးရာဦးစီးဌာနနှင့် USAID တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်လွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာမှာ အလုပ်ရုံဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ဝန်ဆောင်မှုကဏ္ဍမှာ စားသုံးသူများရဲ့ အခွင့်အရေးတွေကို ထိရော
ယနေ့နံနက် ၁၁ နာရီ အချိန် စားသုံးသူရေးရာ ဦးစီးဌာန၊ ရုံးချုပ်၊နေပြည်တော်တွင် ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦး သည် ADB ကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ၍ အစားအစာ ဘေးကင်း လုံခြုံစိတ်ချရေး နှင့် ပတ်သက်သော ဌာနက လက်ရှိ ဆောင်ရွက်မှု အခြေအနေ နှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအပေါ် အာရှဖွံဖြိုးရေးဘဏ်(ADB) နှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါကြောင်း စားသုံးသူပြည်သူများ သိရှိနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။