
စားသုံးသူရေးရားဦးစီးဌာန၊ မြိတ်ခရီုင်ဦးစီးမှူး(ဦးမျိုးဝင်း)မှ ၂၀၂၅ခုနှစ်၊ ဇွန်လ(၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မြိတ်မြို့ လက်ကားဆီကုန်သည်နှင့် လက်လီရောင်းချနေ သည့် ဆီလုပ်ငန်း ရှင်(၄၅)ဦးအား မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံပြီး ဆီရောင်းချနေမှုအခြေအနေနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ရမည့်အချက် များအား ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆွေးနွေးရာတွင် မြိတ်ခရိုင်ဦးစီးမှူးမှ မြိတ်မြို့ရှိလက်ကားဆီကုန်သည်နှင့်လက်လီရောင်း ချနေသည့် ဆီဆိုင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ခွဲဝေရရှိသောဆီခွဲတမ်းအတိုင်း အပြည့်အဝ ရောင်းချရေး၊ အလေးချိန်ပြည့်ဝစေရေး၊ သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချစေရေး၊ စျေးနှုန်း၊ ရောင်းချသည့်ရက်စွဲများအား အများပြည်သူများပွင့်လင်းမြင်သာစွာသိရှိအောင် ဗီနှိုင်း များ ချိတ်ဆွဲထားရေး၊ စျေးနှုန်းအဆမတန် မြင့်တင်ရောင်းချရန် ရည်ရွယ်ပြီး သိုလှောင်ရောင်း ဝယ်ခြင်းမပြုလုပ်ကြရန်နှင့် အဂတိတရားကင်းရှင်းစွာဖြင့် မှန်မှန်ကန်ကန်ရောင်းချစေရေး ပြော ကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)