သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ မြိတ်မြို့နယ်အတွင်းရှိ Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များတွင် ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့သည့် စားသောက်ဆိုင် နှင့်လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက် မှုရှိ/မရှိနှင့် စစ်ဆေးရန်ကျန်ရှိသောဆ
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် အရာတော်မြို့၊ မြို့နယ်သနပ်ခါးအသင်း ဥက္ကဌ၊ အတွင်းရေးမှူးအပါအဝင် အသင်းသား (၅)ဦးနှင့် အရာတော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံရုံး၌ တွေ့ဆုံခဲ့ရာ မြို့နယ်သနပ်ခါးအသင်းမှ ဥက္ကဌက အရာတော်မြို့၊ မြို့နယ်သနပ်းခါးအသင်းကို ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ(၁၄) ရက်နေ့တွင် အလုပ်အမှုဆောင်(၂၇)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းသား (၂၀၀၀) ကျော်ရှိပါကြောင်း၊ အသင်းလစဉ် ပုံမှန်အစည်းအဝေးကို (၂)လတစ်ကြိမ် ပြုလုပ်ပါကြောင်း၊ ကိုဗစ
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့တွင် ပုလဲမြို့နယ်၊ လိန်ကုန်းကျေးရွာရှိ ကုန်မျိုးစုံ ဆိုင်(၈)ဆိုင်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၊ ရပ်ကျေးဥက္ကဌ၊ ရပ်ကျေးစာရေးများနှင့် ပူးပေါင်း၍ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားပါ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြခြင်းရှိ/မရှိစိစစ်ခြင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများနှင့်အတူ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှု လုပ်ငန်းများကိုလည်း ပူးတွဲဆောင်ရွက်လျက်ရှိကြပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့ရှိ နမ်းခမ်းဈေးတွင် သုံးစွဲရန်မသင့်သော ကုန်စည်များ ရောင်းချခြင်း မရှိစေရေးနှင့် ကိုဗစ်-၁၉ ကာလအတွင်း အရေးကြီးကုန်စည်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်အဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန၊ စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်မီးသတ်ဌာနများဖြင့် ဈေးအတွင်းရှိ ဆိုင်များအား ပူးပေါင်းစစ်ဆေးခဲ့ပါသည်။