သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၀-ပြည့်နှစ်၊ ဇွန်လမှ ဒီဇင်ဘာလအထိ ကသာခရိုင်အတွင်း စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများမှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့်အတူ ပူးပေါင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းမှ သက်တမ်းလွန် အစားအသောက်များ၊ ဆေးဝါးများနှင့် အလှကုန်များ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၂၇၃,၂၂၇/- ကျပ် အား သိမ်းဆည်းရရှိခဲ့ပြီး သိမ်းဆည်းရရှိခဲ့သော ကုန်စည်များအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၁၆)ရက်နေ့တွင် မိတ်ဖက်ဌာနများဖြစ်သည့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒု-တိုင်းဒေသကြီးဦးစီးမှူး၊ ကန့်ဘလူခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့နှင့်ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင်Virtual meeting စနစ်ဖြင့် ပြုလုပ်ခဲ့ပါသည်။
၁၄.၁၂.၂၀၂၀ရက်နေ့တွင် ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ရုံးခန်းမ၌ ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်(၂၂)ဦးအား စားသုံးသူကာကွယ်ရေးဉပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်စပ်လျဉ်း၍ရှင်းလင်းခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ Covid-19 ဆိုင်ရာ ကျန်းမာရေးသုံး ကုန်ပစ္စည်းများအား စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း (သို့မဟုတ်) စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင
စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံသည် စားသုံးသူ ကာကွယ် ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၁၅.၁၂.၂၀၂၀ ရက်နေ့ မွန်းလွဲ (၁)နာရီချိန်တွင် မုန့်မျိုးစုံ လုပ်ငန်းရှင် (၄)ဦးအားလည်းကောင်း မွန်းလွဲ(၃)နာရီချိန်တွင် သောက်ရေသန့်လုပ်ငန်းရှင်(၃)ဦးအား လည်းကောင်း ဒုတိယပြည်နယ်ဦးစီးမှူးရုံး၌ ဖိတ်ကြားတွေ့ဆုံ၍ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များ ပြည့်စုံမှန်ကန်
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနတို့ပူးပေါင်း၍ မြိတ်မြို့၊ ပါရမီရပ်၊ ပါရမီစျေးကြီး၌ ရောင်းချနေသော အစားသောက်များ၊ အလှကုန်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။