
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၃.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ထိန်းချုပ်ဆေးဝါး များရောင်းချခွင့်မှတ်ပုံတင် ထားသည့် ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ရွှေပလောင်ဆေးရုံနှင့် အမှတ်(၂)ရပ်ကွက်ရှိ ရွှေစံပြဆေးရုံအား အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ရွှေဘိုမြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ ထိန်းချုပ်ဆေးဝါးလက်ကျန် အခြေအနေများ၊ ရောင်းချမှုအခြေအနေများ၊ နည်းစနစ်မှန်ကန်စွာထားသိုမှုရှိ/မရှိ၊ လိုင်စင်သက်တမ်းရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနမှလည်း လိုင်စင်သက်တမ်းများရှိ/မရှိနှင့် အခွန်စည်းကြပ်ခြင်းအတွက် လိုအပ်သည့် အချက်အလက်များ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)