သတင်းနှင့် လှုပ်ရှားမှုများ
တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်မှစ၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြိတ်မြို့၊ သီဟဇေယျာ(မြို့သစ်)စျေးကြီးရှိ ဆေးဆိုင် များနှင့်အလှကုန်ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက် မြို့မစျေးကြီးရှိ စားသောက်ကုန်များနှင့်အလှကုန်ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
၁၁.၁၁.၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ကချင်ပြည်နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့ ပူးပေါင်း၍ Covid-19 ကူးစက်ရောဂါ ကြောင့် စားဝတ်နေရေး အခက်အခဲမဖြစ်စေရန် မြစ်ကြီးနားမြို့နယ် စီတာပူရပ်ကွက်၊ မန်ခိန်ရပ်ကွက်၊ ရွှေစက်ရပ်ကွက်၊ တပ်ကုန်းရပ်ကွက်များရှိ လက်လုပ်လက်စား အိမ်ထောင်စုပေါင်း (၄၃၉၅)စု အား အိမ်ထောင်စု တစ်စုလျှင် ၂၀၀၀ဝိ/- ( ကျပ်နှစ်သောင်း ) နှုန်းဖြင့် ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
၉.၁၁.၂၀၂၀ ရက်နေ့မှ ၁၀.၁၁.၂၀၂၀ ရက်နေ့ထိ ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ပူးပေါင်း၍ ဗန်းမော်မြို့ မင်းကုန်းရပ်ကွက် ၊အလယ်ရပ်ကွက်၊ ညောင်ပင်ရပ်ကွက်ရှိ ဆေးဆိုင်၊ စတိုးဆိုင်၊ ကုန်စုံဆိုင် စသည့် ဆိုင် (၉)ဆိုင်တို့တွင် ရောင်းချလျက်ရှိသည့် မိခင်နို့အစားထိုး စားသောက်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားများမြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် FDAမှ
မြန်မာ့စပါးစံချိန်စံညွှန်းနှင့် မြန်မာ့လက်ဖက်စို၊လက်ဖက်အချိုခြောက်၊အခါးခြောက် စံချိန်စံညွှန်းများရေးဆွဲနိုင်ရေးအတွက်စိုက်ပျိုးရေး အခြေခံထုတ်ကုန်စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာ ဆပ်ကော်မတီ၏ (၇/၂၀၂၀)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Zoom Application အသုံးပြု၍ကျင်းပ
--------------------------------------------
စိုက်ပျိုးရေး အခြေခံထုတ်ကုန်စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာ ဆပ်ကော်မတီ၏ (၇/၂၀၂၀) ကြိမ် မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို