သတင်းနှင့် လှုပ်ရှားမှုများ
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း(မူလ) ခွင့်ပြုရန်ပုံငွေဖြင့် ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်၊ ခရိုင်ဦစီးမှူးရုံး (၅၀'×၃၅'×၂၄') RC (၂) ထပ် (အတွင်းရေ၊ မီး၊ မိလ္လာ)(Apron& Drain)အပါ အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်း အား လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခဲ့ရာ ၁၁.၉.၂၀၂၀ ရက်နေ့တွင် အဆောက်အအုံ တခါးပေါက်များ သံပန်းတပ်ဆင်ခြင်းနှင့် ရုံးဝင်းခြံစည်းရိုးကာရံခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းပမာဏ၏ ၁၀၀% ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိပါသည်
၁၁.၉.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေဦးမြို့နယ်တာဝန်ခံမှ ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့စသည့် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ အလှကုန် အရောင်းဆိုင်များတွင် သနပ်ခါးအမည်ခံ အလှကုန်ပစ္စည်းများအား စားသုံးသူကာကွယ်ရေးဥပဒေအရ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)တွင် ဖော်ပြထားသည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြရမည့် အ
COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အခြားဌာနဆိုင်ရာများနှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ၁၉.၉.၂၀၂၀ ရက်နေ့ တွင် ပြည်မြို့၊ နဝဒေးတံတားစစ်ဆေးရေးဂိတ်တွင် မြို့နယ် Coronaviurs Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပါဝင်သည့် စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာအသိပညာပေး Talk Show အစီအစဉ်ကို တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ တောင်ငူခရိုင်၌ ၁၆.၉.၂၀၂၀ ရက်နေ့ နံနက်(၁၀:၀၀)နာရီ တွင်လည်းကောင်း၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ၁၈.၉.၂၀၂၀ ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင်လည်းကောင်း၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ၂၁.၉.၂၀၂၀ ရက်နေ့ နေ့လယ် (၂းဝဝ)နာရီတွင်လည်းကောင်း
စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm တွင် ပါဝင်သည့် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစနစ်အသစ် (upgrade consumer complaint system) အား ၂၀၂၀ပြည့်နှစ်စက်တင်ဘာလ ၁ရက်နေ့မှ စတင်၍ အသုံးပြုလျက်ရှိပါသည်။