သတင်းနှင့် လှုပ်ရှားမှုများ
နေပြည်တော်၊ စက်တင်ဘာ ၁၂ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ (၁၀:၀၀)နာရီ အချိန်တွင် ရုံးအမှတ်(၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သော စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောသည်။
စီးပွားရေးလုပ်ငန်းရှင်များသည် COVID-19 ကာလအတွင်း ရောဂါကာကွယ်ရေးအတွက် လိုအပ်သော ပစ္စည်းများ ရောင်းချခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့် ဉပဒေ၊ စည်မျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်သည့်အတွက် အရေးကြီး အသုံးများသော Mask များဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုရန်နှင့် ပစ္စည်း ပြတ်လပ်မှု မရှိစေ ရေး စီမံဆောင်ရွက်ရန် လိုအပ်ပါသည်။
ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ( ၁ )ရက်နေ့တွင် ဖရူဆိုမြို့နယ်အတွင်းရှိ ဆေးဆိုင်များ၊ ကုန်စုံဆိုင်များ၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါး များနှင့်အခြေခံစားသုံးကုန်အမျိုးမျိုးအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူး ခြင်းရှိ/မရှိကို ဖရူဆိုမြို့နယ်ကုန်ဈေးနှုန်းထိန်းချုပ်ရေးလုပ်ငန်းကော်မတီနှင့် ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကွင်းဆင်
၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် မိုဘိုင်းဖုန်းလုပ်ငန်းရှင် ဥက္ကဌ အပါအဝင် မိုဘိုင်းဖုန်း လုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MONCCI) တို့ ပူးပေါင်း၍ ဒိန်းမတ်နိုင်ငံမှ လှူဒါန်းသော Covid-19 ကာကွယ်ရေးပစ္စည်းဖြစ်သည့် Mask များကို မော်လမြိုင်မြို့ရှိ အမှတ်(၁) ဈေးကြီး၊ ဈေးသစ်ဈေး(ရေပေါ်ဈေး)နှင့်အပေါ်ဈေးရှိ ကုန်စိမ်းဈေးများအတွင်း ဈေးရောင်း၊ ဈေးဝယ်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။ အဆိုပါ ဖြန့်ဝေပေးမှုတွင် မွန်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မ