မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနတွင် စားအုန်းဆီရောင်းချသည့် ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်အစည်းအဝေးကျင်းပ

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး(ဦးမျိုးဝင်း) သည် ၂၀၂၅ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ဆီကုန်သည်နှင့် လက်လီ ရောင်းချသည့် ဆီလုပ်ငန်းရှင်များအားခေါ်ယူ၍ မြိတ်မြို့၊ ကမ်းနားလမ်း၊ ဆိပ်ငယ်ရပ်၊ စားသုံးသူရေးရာဦးစီးဌာနအစည်းအဝေးခန်းမတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှု အခြေအနေနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား ကျင်းပဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

      အဆိုပါအစည်းအဝေးတွင်း မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက မြိတ်မြို့ အတွင်းရောင်းချနေသောလက်လီဆိုင်များကို သတ်မှတ်ထားသောစျေးနှုန်းများအတိုင်း မှန်ကန်စွာ ရောင်းချနိုင်ရေး၊ သတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချရန်နှင့် အလေးချိန်မှန်ကန်စွာဖြင့် ရောင်းချနိုင်ရေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)