
ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တကျဆောင်ရွက်နိုင်ရေး၊ ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သမားရိုးကျ ရောင်းဝယ်ခြင်းမဟုတ်သည့်လုပ်ငန်းများကို ထိန်းကျောင်းနိုင်ရေးနှင့် ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးအတွက် ညောင်တုန်းမြို့နယ်ရှိ Aung Naing Thitsar Co.,Ltd Myanmar Broken Rice B 1,2 (Sortexed) 2080MT ကို ၁၁.၆.၂၀၂၅ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် MITSအဖွဲ့ တို့ပူးပေါင်း၍ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ဦးအောင်လွင်မြို့နယ်ဦးစီးမှူးက သိူလှောင်ရုံတာဝန်ခံနှင့် တွေ့ဆုံ၍ သိုလှောင်ရုံ စပါး/ ဆန် သိုလှောင် ထားရှိမှုကို ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပြီး သိုလှောင်ရုံများ၊ ပြည်ပတင်ပို့သည့်ကုမ္ပဏီများ၊ ဆန်စက်လုပ်ငန်းများ၊ ဆန်လက်လီ/လက်ကားအရောင်းဆိုင်များက မှတ်ပုံတင်ခြင်းကို ကဏ္ဍအလိုက်ရှင်းလင်းပြီး သက်တမ်းတိုးလုပ်ငန်း ဆောင်ရွက်ခြင်းကိစ္စနှင့် သိုလှောင်ရုံ စပါးဆန်/ လက်ကျန် ဖြည့်သွင်းဆောင်ရွက်ထားနိုင်ရေးတို့ကို မှာကြားခဲ့ပြီး သိုလှောင်ရုံမှ ဆန်များ ပြည်ပသို့ အရည်အသွေးမှီတင်ပို့နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)