သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန၏ ရုံးသုံးကွန်ပျူတာ သင်တန်းအမှတ်စဉ် (၂/၂၀၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၁ခုနှစ် မေလ ၃၁ ရက် တနင်္လာနေ့၊ နံနက် ၁၀နာရီတွင် စားသုံးသူရေးရာ ဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
ဂျပန်နိုင်ငံမှ Panasonic ကုမ္ပဏီသည် နိုင်ငံအတွင်း၌ ရုပ်မြင်သံကြား (TV) စက်များ ထုတ်လုပ်မှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်းနှင့် ပြည်ပနိုင်ငံများ၌သာ ထုတ်လုပ်မှုများ တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Panasonic မှ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ပါ သည်။
နေပြည်တော်၊ (၂၆-၅-၂၀၂၁)
အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ပဲစင်းငုံ (Tur/ Pigeon Pea, HS Code 0713 60 00)၊ ပဲတီစိမ်း [Moong (Beans of the SPP Vigna Radiata (L) Wilczek) HS Code 0713 31 90)] နှင့် မတ်ပဲ ([Beans of the SPP Vigna Mungo (L.) Hepper] HS Codes 0713 31 10) တို့ကို ၂၀၁၇ ခုနှစ်မှစတင်၍ ကန့်သတ်တင်သွင်း ကုန်စည် အဖြစ် သတ်မှတ်၍ နှစ်စဉ်ခွဲတမ်းပမာဏဖြင့်သာ တင်သွင်းခွင့်ပြုခဲ့ပါသည်။
စားသုံးသူပြည်သူများအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသား တင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသည့် စားသုံးဆီများကိုသာ ရွေးချယ်ဝယ်ယူစားသုံးသင့်ပါသည်။