
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင် ဦးစီးမှူးရုံးတွင် (၁၃.၅.၂၀၂၅)ရက်နေ့၊ ညနေ (၁၄:၀၀) နာရီအချိန်၌ ခရိုင်ဦးစီးမှူးနှင့် MSME လုပ်ငန်းရှင်များတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိရေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးမှုတွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က မိမိတို့ ထုတ်လုပ်သောကုန်စည်များကို သက်ဆိုင်ရာဌာနထောက်ခံချက်များပါရှိရေး/ရရှိရေး ဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရ မည့်အချက်များ၊ မြန်မာဘာသာဖြင့် အဖြစ်မနေဖော်ပြထည့်သွင်းဖော်ပြရမည့်အချက်များ ပြည့်စုံ စွာပါရှိရေး ဆောင်ရွက်ရန်နှင့်လိုအပ်ပါက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသားဆိုသည်မှာ ကုန်စည်သို့မဟုတ် ကုန်စည်ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် စာဖြင့်ရေး သား၍ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်စေ ဖော်ပြထားသည့် ကုန်စည်နှင့်သက်ဆိုင်သည့်အချက်အလက် သို့မဟုတ် အမှတ်အသားကိုဆိုလိုတာဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က နိုင်ငံတော်မှ သတ်မှတ် ရည်ညွှန်းဈေးဖြင့်ထုတ်ပေးသော စက်မှုလုပ်ငန်းသုံးဆီများကိုလည်း မိမိတို့၏ လုပ်ငန်းခွင်များတွင် အမှန်တကယ်အသုံးပြုဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ သိရှိလိုသည့် အချက်အလက်များအား မေးမြန်းဆွေးနွေးရာ ခရိုင်ဦးစီးမှူး ဦးသန်းစိုက ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)