သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် ဦးဆောင်သောအဖွဲ့သည် Toyota Myanmar Co., Ltd. မှ Managing Director ဖြစ်သူ Mr. Oide နှင့်အဖွဲ့အား ၂ဝ၂၀ ပြည့်နှစ် ဇူလိုင်လ ၇ ရက် (အင်္ဂါနေ့) ၁၄:၀ဝ နာရီ အချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) ၌ လက်ခံတွေ့ဆုံခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ(၁/၂၀၂၀)လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဇူလိုင် ၂ ရက်နေ့၊ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ ပါသည်။

ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန စစ်တွေခရိုင်ဦးစီးမှူးနှင့် ခရိုင်ရုံးဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တာရာယ်ကင်းရှင်စေရေးအတွက် FDA၊ ကျန်းမာရေး၊ မွေးကု၊ စည်ပင်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပါဝင်သောအဖွဲ့သည် (၂၄.၆.၂၀၂၀) နေ့တွင် စစ်တွေမြို့ ကျေးတောပိုက်ဆိပ်ရှိ ငပိစက်ရုံအား သွားရောက်စစ်ဆေးပြီး ငပိများတွင် ဓာတုဆိုးဆေးများ သုံးစွဲထားရှိမှု ရှိ၊ မရှိ (mobile lab van)ဖြင့် စစ်ဆေးခြင်းကို FDA၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ပြီး ဓာတုဆိုးဆေးများ သုံးစွဲထားရှိသည့် ငပိ(၅)ပိ

နေပြည်တော် - ဇွန် ၂၅ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၁) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း(မူလ) ခွင့်ပြုရန်ပုံငွေဖြင့် ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်၊ ခရိုင်ဦစီးမှူးရုံး (၅၀'×၃၅'×၂၄') RC (၂)ထပ် (အတွင်းရေ၊ မီး၊ မိလ္လာ)(Apron& Drain)အပါ အဆောက်အဦဆောက်လုပ်ခြင်း လုပ်ငန်းအား လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခဲ့ရာ အမိုးမိုးခြင်း၊ အပေါ်ထပ်အုတ်စီခြင်း၊ တံခါးကျည်းခွေပြုလုပ် ခြင်း၊ အုတ်ရိုးနံရံအချောကိုင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၄.၆.၂၀၂၀ ရက်နေ့အထိ စုစုပေါင်းလုပ်ငန်းပမာဏ၏ ၇၈% ခန့် ပြီး
