
၁၂.၅.၂၀၂၅ ရက်နေ့ (၁၀:၀၀) နာရီအချိန် အလုံမြို့နယ်၊ အလုံဈေးနှင့် ကွင်းကျောင်းလမ်း ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိ လစဉ်လချုပ်စာရင်းများတင်ပြမှုရှိ/မရှိတို့အား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးသီဟစိုးနှင့်အဖွဲ့၊ အလုံမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ယိုဆီယ၊ အလုံမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးသိန်းဇော်နှင့်အဖွဲ့၊ အလုံမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာန မှ ဦးဝင်းဆင့်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်တင်တင်ရီ နှင့်အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆန်ဆိုင်များအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)