သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၀ပြည့်နှစ် မတ်လ (၂၀)ရက်နေ့တွင် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်သူ့စကားဝိုင်းတွင် ပြည်သူများကို စားသုံးသူကာကွယ်ပေးရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးသိန်းဇော်၊ ဦးစီးမှူး ဦးမျိုးဝင်းနိုင်တို့သည် ၂၀၂၀ပြည့်နှစ် မတ်လ (၁၅)ရက်နေ့၌ မြဝတီမြို့ရှိ ဝဉလုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၉) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရဲမှူးကြီး ဦးမြင့်ကြည်နှင့် တာဝန်ရှိသူများ၊ ပြည်တွင်းအခွန်မှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ထီးဖိုးလုံးကျေးရွာရှိ သစ္စာလင်း (Minimark)ဆိုင်၌ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၂) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ လှိုင်းဘွဲ့မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ မြို့မဈေးရှိ ဆိုင်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများကို အရေးကြီးကုန်စည်အဖြစ်သတ်မှတ်လိုက်ပြီး အဆိုပါကုန်စည်များကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများဆေင်ရွက်နေသည်ကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
.jpg?itok=bK6H2Q8I)