ပွင့်ဖြူမြို့မဈေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေးနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် (၁၂.၅.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့မဈေး၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရေးအတွက် ရည်ရွယ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီဝင်များနှင့် အတူ ပူးပေါင်း၍ ပလတ်စတစ်အိတ်ဖြင့် ထုတ်ပိုးရောင်းချခြင်းမှုမရှိစေရေး စစ်ဆေးခြင်းနှင့် ပလတ်စတစ် အိတ်အစား အင်ဖက်၊ ငှက်ပျော်ဖက်၊ ကြာဖက်နှင့် သတင်းစာစက္ကူများ အစားထိုးသုံးစွဲခြင်းဖြင့်  တနင်္လာနေ့အား ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချပေးရေးနေ့အဖြစ် ဆောင်ရွက်ရာတွင် ပူးပေါင်း ပါဝင်ပေးကြရန် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

     ဆက်လက်၍ ပွင့်ဖြူမြို့နယ်တာဝန်ခံမှ ပူးပေါင်းအဖွဲ့ဖြင့် ကုန်စုံဆိုင်များတွင် စားသုံး ရန်မသင့်ဟု ထုတ်ပြန်ထားသောကုန်စည်များ၊ သက်တမ်းလွန်နှင့်မှိုတက်နေသော ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြမထားသော ကုန်စည် များ ရောင်းချမှုမရှိစေရေး  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း  သိရသည်။

DOCA(မကွေး)