သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်နှင့်အဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၌လည်းကောင်း၊ မတ်လ (၂) ရက်နေ့ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး၌လည်းကောင်း၊ မတ်လ (၃) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး၌လည်းကောင်း၊ မတ်လ (၅) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌လည်းကောင်း စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသား(Labellin

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများကို ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသား(Labelling) ဖော်ပြခြင်းနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားခဲ့

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)မှ ဦးဆောင်ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများ သတိပြုမိစေရန် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အတွက် (၁၂.၃.၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် UMFCCI ခန်းမ၌ ဟောပြော ဆွေးနွေးပွဲကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်၊ ဒုတိယညွှန်ကြားရေ

(၆-၃-၂၀၂၀)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းသည် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကြက်ဆူကျင်း ကျေးရွာတွင်ကျင်းပသော “မူပိုင်ခွင့်မှသည် ကုန်သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” အလုပ် ရုံဆွေးနွေးပွဲသို့တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် ရှင်မတောင်သနပ်ခါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍရေရှည်ဖွံ့ဖြိုးရန်နှင့် အရည်အသွေးကောင်းမွန်စွာထုတ်လုပ်ရန် အသင

၂၀၂၀ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် လွိုင်ကော်မြို့ပေါ်ရှိ စားသောက်ကုန်များ၊ လက်လီ/လက္ကား ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းများ၊ ဆေးဆိုင်များအား သက်ဆိုင်ရာမိတ်ဖက်ဌာနအဖွဲ့အစည်းတို့နှင့်ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
