ပုသိမ်မြို့ ဦးဝင်းထိန် စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ မေလ(၉)ရက်နေ့၊  နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများဖြစ်သည့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန တို့နှင့်ပူးပေါင်း၍  ဦးဝင်းထိန် စက်သုံးဆီဆိုင်တွင် ရောင်းချနေသော ဓာတ်ဆီ (92) အချင်အတွယ် ပြည့်ဝမှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချစေရေးနှင့် မီးသတ်ဆေးဘူးများ ထားရှိရေး ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စက်သုံးဆီအချင်အတွယ်မှန်ကန်မှုရှိ၍ သတ်မှတ် ရည်ညွှန်းဈေးအတွင်း ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပြီး စက်သုံးဆီအရောင်းဆိုင် တာဝန်ခံများ အား အချင်အတွယ်မှန်ကန်မှုရှိစေရေးကို အလေးထားရန်၊ သတ်မှတ်ရည်ညွှန်းဈေး အတွင်းသာ ရောင်းချရန်မှာကြားခဲ့ပါသည်။ 

DOCA(ဧရာဝတီ)