သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
08 Sep 2020

၂၅.၈.၂၀၂၀ ရက်နေ့မှ ၂၈.၈.၂၀၂၀ ရက်နေ့ထိ ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ မိုးညှင်းမြို့နှင့် ဗန်းမော်မြို့ပေါ်ရှိ စတိုးဆိုင်များနှင့် လက်လီ/လက်ကားဆိုင်များတွင် သနပ်ခါးအမည်ခံအလှကုန်ပစ္စည်းများအား စားသုံးသူကာကွယ်ရေးဉပဒေအရ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂၅/၂၀၁၉)တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

08 Sep 2020

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ တိုင်ကြားမှုများကို လက်ခံဆောင်ရွက် ဖြေရှင်းပေးလျှက် ရှိပါသည်။စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ၂၀၁၉ ခုနှစ်  အောက်တိုဘာ  လ မှ ၂၀၂၀ ခုနှစ်  ဇူလိုင် လ ထိ ငွေကြေးဝန်ဆောင်မှုများနှင့်ပါတ်သက်သည့် နစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားမှု ( ၁၀၀ ) မှုကို လက်ခံဖြေရှင်း ဆောင်ရွ

03 Sep 2020

          စားသုံးသူရေးရာဦးစီးဌာန၏ www.doca.gov.mm Wesite တွင်ပါဝင်သော စားသုံးသူတိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစနစ် (consumer complaint system) အသစ်အား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁ရက်နေ့ မှစတင်၍ အသုံးပြုလျှက် ရှိပါသည်။ အဆိုပါစနစ်တွင် တိုင်ကြားသူများအနေဖြင့် မိမိတို့၏တိုင်ကြားမှုအပေါ် အရေးယူဆောင်ရွက်နေမှုအခြေအနေများအား အွန်လိုင်းအသုံးပြု၍ website မှတဆင့် စောင့်ကြည့်နိုင်မည်ဖြစ်ပါသည်။

03 Sep 2020

       ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ( ၂၈ ) ရက်နေ့တွင် ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်စားသုံးသူရေးရာကော်မတီ ( ၅/၂၀၂၀ ) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီ ဒု-ဥက္ကဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာဦစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်းက အစည်းအဝေးတွင် သနပ်ခါးအမည်ခံအလှကုန် ပစ္စည်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးတွေ့ရှိချက်များ

03 Sep 2020

         ၂၀၂၀ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့တွင် ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း ရှိ/မရှိကို မြို့နယ် ကုန်ဈေးနှုန်းထိန်းချုပ်ရေးလုပ်ငန်းကော်မတီနှင့်ပူးပေါင်း၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

Pages